မိဘများသို့ မေတ္တာရပ်ခံချက်
လအလိုက်ပေးသွင်းရမည့် ကျောင်းလခနှင့် ကားလခများကို သက်ဆိုင်ရာသင်ကြားရေးလ၏ လဆန်း (၁)ရက်နေ့မှ (၅)ရက်နေ့ အတွင်း အပြီးသွင်းပေးပါရန် မေတ္တာရပ်ခံပါသည်။
တာဝန်ကျ ဆရာ/မများ မရောက်ရှိသေးသော နံနက် (၈း၀၀) နာရီ မတိုင်မှီအချိန်တွင် ကလေးများအား ကျောင်းသို့လာရောက်ပို့ဆောင်ခြင်းမပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျောင်းမှသက်မှတ်ထားသော ကျောင်းဝတ်စုံကိုသာ သေသပ်သန့်ရှင်းစွာ ဝတ်ဆင်စေ၍ ကျောင်းသို့ စေလွှတ်ရန် ဖြစ်ပါသည်။
မိဘ၊ဆရာ ဆက်သွယ်မှုစာအုပ် တွင် မိဘ၊အုပ်ထိန်းသူများအနေဖြင့် မိမိတို့ကလေးများနှင့်ပတ်သက်၍ ကျောင်းသို့အသိပေးလိုသည့် ပညာရေး၊ ကျန်းမာရေး၊ လိမ္မာရေးခြားရှိရေး စသည့် မည်သည့် အကြောင်းအရာများကို မဆို လွတ်လပ်စွာရေးသားဖော်ပြနိုင်ပါသည်။
ဆရာ/မများ၏ သင်ပြမှုအပေါ် နားမလည်၊ မရှင်းလင်းသော ဘာသာရပ်ရှိလျှင် မိဘ၊ဆရာ ဆက်သွယ်မှု စာအုပ် တွင် အတိအလင်းရေးသားဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျောင်းသား/သူများလိုက်နာရမည့် စည်းကမ်းချက်များနှင့် အရေးယူပြစ်ဒဏ်ပေးခြင်းများ
၁။ ကျောင်းသို့အစောဆုံး နံနက်(၈း၀၀)နာရီမှလာရောက်ရန် နှင့် နောက်အကျဆုံး (၈း၃၀) နာရီထက်နောက်မကျရန်။
၂။ ကျောင်းသို့ရောက်ရှိပြီးလျှင် ကျောင်းပြင်ပသို့တာဝန်ရှိသူများမသိဘဲ ထွက်ခွာသွားလာခြင်းမရှိစေရ။
၃။ အကြောင်းတစ်စုံတစ်ရာကြောင့် ကျောင်းမတက်နိုင်ပါလျှင် မိဘ (သို့) အုပ်ထိန်းသူကိုယ်တိုင် စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ် ခွင့်တောင်းခံနိုင်သည်။
၄။ စာသင်ချိန်တွင် သက်ဆိုင်ရာဆရာ/မ ခွင့်ပြုမှသာ အတန်းပြင်ထွက်ခွင့်ရှိသည်။
၅။ ကျောင်းအုပ်ကြီး၊ အတန်းတွင်းဆရာ၊ဆရာမခွင့်ပြုချက်ဖြင့်သာပြင်ပဧည့်သည်တွေ့ခွင့်ရှိသည်။
၆။ စာသင်ချိန်အတွင်း နောက်ပြောင်ခြင်း၊ စကားပြောဆိုခြင်း၊ မထီမဲ့မြင်ပြုခြင်း မပြုရ။
၇။ စာသင်ချိန်သော်လည်းကောင်း၊ ပြင်ပအချိန်တွင်သော်လည်းကောင်း၊ မသိနားမလည်သော စာများရှိပါက ဆရာ/မ
များသို့ ရိုသေစွာခွင့်ပန်၍ မေးမြန်းနိုင်သည်။
၈။ ပေးအပ်ထားသော အိမ်စာများ၊ ကျက်စာများကို နေ့စဉ် မပျက်မကွက်ပြုလုပ်ရမည်။
၉။ ကျောင်းတွင်းပညာသင်ကြားနေသော ကျောင်းသား/သူများသည် ဘာသာမတူသူများရှိသော်လည်း မြန်မာနိုင်ငံ နွယ်ဖွား မြန်မာပြည်သားများဖြစ်သည့်အတွက် အချင်းချင်းမေတ္တာတရားရှေ့ထားကာ ခင်မင်စွာ စည်းစည်းလုံးလုံး နေထိုင်ရမည်။
၁၀။ ဘာသာရေးအရသော်လည်းကောင်း၊ အခြားကိစ္စများသော်လည်းကောင်း တစ်ဦးနှင့်တစ်ဦး နစ်နာအောင် ပြောဆိုခြင်း၊ နောက်ပြောင်ခြင်း လုံး၀ မပြုရ။
၁၁။ မိကောင်းဖခင် သားသမီးများဖြစ်သည့်အလျောက် တစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကို မောင်နှမများသဖွယ် ယဉ်ကျေးစွာ ဆက်ဆံရမည်။
၁၂။ ထိခိုက်ဒဏ်ရာဖြစ်စေတတ်သော လက်နက်ပစ္စည်း တစ်စုံတစ်ရာကျောင်းတွင်းသို့ ယူဆောင်မလာရ။
၁၃။ ကျောင်းသား/သူအရွယ်နှင့် မအပ်စပ်သော ဆေးလိပ်၊ ကွမ်းယာ၊ အရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လက်ဝယ် ကိုင်ဆောင်ခြင်း လုံး၀ မပြုရ။
၁၄။ ငယ်ရွယ်သေးသောသူများပီပီ စိတ်အလိုလိုက်၍ ရည်းစားထားခြင်း၊ အောင်သွယ်လုပ်ခြင်း၊ ကျောင်းတွင်း(သို့) ပြင်ပတွင်ချိန်းတွေ့ခြင်း လုံး၀ မပြုလုပ်ရ။
၁၅။ ကျောင်းမှသတ်မှတ်ထားသော ကျောင်းဝတ်စုံ အပြည့်အစုံကိုသာဝတ်ဆင်ရမည်။(အရောင်မလွဲစေရ)
၁၆။ ကျောင်းပိုင်ပရိဘောပစ္စည်းများကို ရိုသေစွာကိုင်တွယ်ရမည်။ မိမိကြောင့်ပျက်စီးခဲ့သော် တန်ဖိုးအတိုင်း ပေးလျှော်ရမည်။
၁။ ပညာသင်ယူရေးအထွေထွေစည်းကမ်း
(က) ကျောင်းသို့အစောဆုံး နံနက်(၈း၀၀)နာရီမှလာရောက်ရန် နှင့် နောက်အကျဆုံး (၈း၃၀) နာရီထက်နောက်မကျရန်။
(ခ) သတ်မှတ်ထားသော စုဝေးကွင်းတွင် နိုင်ငံတော်သီချင်းကို ညီညာလေးနက်စွာဆို၍ နိုင်ငံတော်အလံအား
အလေးပြုရမည်။
(ဂ) ကျောင်းသို့ရောက်ရှိပြီးလျှင် ကျောင်းပြင်ပသို့တာဝန်ရှိသူများမသိဘဲ ထွက်ခွာသွားလာခြင်းမရှိစေရ။
(ဃ) အကြောင်းတစ်စုံတစ်ရာကြောင့် ကျောင်းမတက်နိုင်ပါလျှင် မိဘ (သို့) အုပ်ထိန်းသူကိုယ်တိုင် ရုံးခန်းသို့
ခွင့်လာရောက်တောင်းခံရမည်။
(င) စာသင်ချိန်တွင် သက်ဆိုင်ရာဆရာ/မ ခွင့်ပြုမှသာ အတန်းပြင်ထွက်ခွင့်ရှိသည်။
(စ) ကျောင်းအုပ်ကြီး၊ အတန်းတွင်းဆရာ၊ဆရာမခွင့်ပြုချက်မရှိလျှင် ပြင်ပဧည့်သည်တွေ့ခွင့်မရှိ။
(ဆ) စာသင်ချိန်အတွင်း နောက်ပြောင်ခြင်း၊ စကားပြောဆိုခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ ပျင်းရိစွာနေထိုင်ခြင်း လုံးဝမပြုလုပ်ဘဲ
တက်ကြွစွာ သင်ယူရမည်။
(ဇ) စာသင်ချိန်သော်လည်းကောင်း၊ ပြင်ပအချိန်တွင်သော်လည်းကောင်း၊ မသိနားမလည်သော စာများရှိပါက ဆရာ/မ
များသို့ ရိုသေစွာခွင့်ပန်၍ မေးမြန်းနိုင်သည်။
(ဈ) ပေးအပ်ထားသော အိမ်စာများ၊ ကျက်စာများကို နေ့စဉ် မပျက်မကွက်ပြုလုပ်ရမည်။
၂။ စာမေးပွဲဖြေဆိုခြင်း
(က) ကျောင်းစာသင်နှစ်အတွင်း ကျောင်းခေါ်ချိန်ပေါင်း ၇၅% ရရှိမှသာ အတန်းတင်စာမေးပွဲကိုဖြေဆိုခွင့်ပြုမည်။
(ခ) စာမေးပွဲအားလုံးကို လုံလောက်သည့်အကြောင်းထူးမရှိပါက မပျက်မကွက်ဖြေဆိုရမည်။
(ဂ) စာမေးးပွဲအားလုံးကို ဖြေဆိုရာတွင် ဉာဏ်စွမ်းဖြင့်သာဖြေဆိုရမည်။ မသမာသောဖြေဆိုမှုပုံစံတွေ့ရှိပါက အတန်းတင်
စာမေးပွဲ ဖြေဆိုခွင့်ပိတ်သည်အထိ အရေးယူခြင်းခံရမည်။
(ဃ) စာမေးပွဲဖြေဆိုစဉ် အပိုအဖြေလွှာတောင်းခံရန်သော်လည်းကောင်း၊ မေးခွန်းမှတစ်စုံတစ်ခုမေးရန်သော်လည်းကောင်း
အခန်းစောင့်ဆရာ၊ဆရာမအား ရိုသေစွာ မတ်တပ်ရပ်ခွင့်တောင်းရမည်။
(င) စာမေးပွဲဖြေဆိုစဉ် သက်မှတ်ထားသော စည်းကမ်းချိုးဖောက်ပါက ဖြေဆိုခွင့် ချက်ချင်းရပ်ဆိုင်းခံရမည်။
၃။ ကျောင်းသား/သူများလိုက်နာရန်တာဝန်
(က) ကျောင်းတွင်းပညာသင်ကြားနေသော ကျောင်းသား/သူများသည် ဘာသာမတူသူများရှိသော်လည်း မြန်မာနိုင်ငံ နွယ်ဖွား မြန်မာပြည်သားများဖြစ်သည့်အတွက် အချင်းချင်းမေတ္တာတရားရှေ့ထားကာ ခင်မင်စွာ စည်းစည်းလုံးလုံး နေထိုင်ရမည်။
(ခ) ဘာသာရေးအရသော်လည်းကောင်း၊ အခြားကိစ္စများသော်လည်းကောင်း တစ်ဦးနှင့်တစ်ဦး နစ်နာအောင်ပြောဆိုခြင်း၊ နောက်ပြောင်ခြင်း လုံး၀ မပြုရ။
(ဂ) မိကောင်းဖခင် သားသမီးများဖြစ်သည့်အလျောက် တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးစွာ ဆက်ဆံရမည်။
(ဃ) ထိခိုက်ဒဏ်ရာဖြစ်စေတတ်သော လက်နက်ပစ္စည်း တစ်စုံတစ်ရာကျောင်းတွင်းသို့ ယူဆောင်ခွင့်မရှိ။
(င) ကျောင်းသား/သူအရွယ်နှင့် မအပ်စပ်သော ဆေးလိပ်၊ ကွမ်းယာ၊ အရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လက်ဝယ် ကိုင်ဆောင်ခြင်း လုံး၀ မပြုရ။
(စ) ငယ်ရွယ်သေးသောသူများပီပီ စိတ်အလိုလိုက်၍ ရည်းစားထားခြင်း၊ အောင်သွယ်လုပ်ခြင်း၊ ကျောင်းတွင်း(သို့) ပြင်ပတွင်ချိန်းတွေ့ခြင်း လုံး၀ မပြုလုပ်ရ။
(ဆ) ကျောင်းမှသတ်မှတ်ထားသော ကျောင်းဝတ်စုံ အပြည့်အစုံကိုသာဝတ်ဆင်ရမည်။(အရောင်မလွဲစေရ)
(ဇ) ကျောင်းပိုင်ပရိဘောပစ္စည်းများကို ရိုသေစွာကိုင်တွယ်ရမည်။ မိမိကြောင့်ပျက်စီးခဲ့သော် တန်ဖိုးအတိုင်း ပေးလျှော်ရမည်။
၄။ အပြစ်ဒဏ်ပေးခြင်း
(က) ကျောင်းသား/သူတစ်ယောက်သည် စည်းကမ်းချိုးဖောက်ကြောင်း ခိုင်လုံသည့်အထောက်အထားတွေ့ရှိပါက အောက်ပါအဆင့်များဖြင့် အရေးယူမည်ကို လိုက်နာရမည်။
(ပထမအဆင့်)
သက်ဆိုင်ရာကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် ကျောင်းအုပ်ကြီးမှ ခေါ်ယူပြီး သွန်သင်ရှင်းပြ၍ ပြစ်မှုမှတ်တမ်းတွင် မှတ်သားထား လက်မှတ်ထိုးစေမည်။
(ဒုတိယအဆင့်)
မိဘအုပ်ထိန်းသူသို့ သွန်သင်ဆုံးမရန် အကြောင်းကြားမည်။
(တတိယအဆင့်)
မိဘလက်ဝယ်သို့ အပြီးပြန်လည်အပ်နှံမည်။
၅။ ကျောင်းမှထုတ်ပယ်မည့် စည်းကမ်းများ
(က) ကျောင်းဝင်းအတွင်း ဆေးလိပ်၊ ကွမ်းယာ နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း။
(ခ) လောင်းကစားပြုလုပ်ခြင်း နှင့် လက်ဝယ်တွေ့ရှိခြင်း။
(ဂ) သူတစ်ပါးပစ္စည်းခိုးယူခြင်း။
(ဃ) ကျောင်းသူတစ်ဦးဦးအား အိန္ဒြေပျက်အောင် နှောင့်ယှက်ခြင်း၊ ကြံစည်ခြင်း။
(င) ဆရာ၊ဆရာမများ၏ ဂုဏ်သိက္ခာကို ထိခိုက်အောင် ပြောဆိုခြင်း၊ ပြုလုပ်ခြင်း။
(စ) ကျောင်းသား၊ကျောင်းသူ အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်း၊ သွေးထွက်သံယိုဖြစ်အောင်ပြုလုပ်ခြင်း နှင့် နာကျင်စေခြင်း
(ဆ) ဘာသာရေးဖြင့်ဆက်စပ်သော ပြဿနာ တစ်စုံတစ်ရာဖြစ်ပေါ်အောင် ကြံစည်ခြင်း။
(ဇ) မည်သည့်နေရာတွင်မဆိုရာဇဝတ်မှု ကျူးလွန်ခြင်း။